ယနေ့အတွက် ဟောစာတမ်း

ယနေ့အတွက် တစ်နေ့တာဆောင်ရန်ရှောင်ရန်နှင့် ဟောစာတမ်း ** ဒီလိုနေ့မျိုးကတော့ ကိုယ့်ရဲ့အိမ်မှာ ဆရာသမားလိုပုဂ္ဂိုလ် ၊ တပည့်အောက်လက်ငယ်သားလိုပုဂ္ဂိုလ်တွေနဲ့ သိုင်းသိုင်းဝန်းဝန်းလုပ်ရတဲ့ လုပ်ငန်းမျိုးတွေ အကောင်အထည်ဖော်သင့်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ထို့ပြင်တ၀ မုန့်လုပ်ငန်း ၊ ပဲလုပ်ငန်း ၊ ပြောင်းလုပ်ငန်း ၊ ပွဲရုံလုပ်ငန်း ၊ ပွဲစားလုပ်ငန်း ၊ ပရိဘောဂပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ၊ ဖုန်းဆိုင်လုပ်ငန်း ၊ ပရဟိတတည်ထောင်တဲ့လုပ်ငန်း ဒါတွေကတော့ စတင်သင့်တဲ့နေ့ ၊ တည်ထောင်သင့်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ သွားသင့်တဲ့ အရပ်ဒေသ၊ လာဘ်နေအရပ်ကတော့ အနောက်တောင်အရပ် ဖြစ်ပြီး မသွားသင့်တဲ့ အရပ်ဒေသ /ရှောင်ရှားသင့်တဲ့ အရပ်ဒေသတွေကတော့ အနောက်စူးစူး ဖြစ်ပါတယ်။ အဓိဌာန်ပုတီးစိပ်ရန် - အနုတ္တရော ပုရိသ ဒမ္မသာရထိ အောင်ပြီ (ပုတီး (၆) ပတ်) ယတြာ - မြတ်စွာဘုရားရှင်အား လမုန့် (၄) ခု ကပ်လှူပူဇော်ပါ။ ကံကောင်းစေတဲ့အရောင် - အပြာရောင် ကံကောင်းစေတဲ့ဂဏန်း - ၅၁ ၊ ၁၅