စည်းမျဥ်းစည်းကမ်းများ
NayLa Akharpay Baydin Mini App ဝန်ဆောင်မှုကို အသုံးပြုသူများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ဤ “စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ” သည် KBZPay App ရှိ ကုန်သည် (“NayLa Akharpay Baydin”) ၏ NayLa Akharpay Baydin App (“Mini App”) ကို ဝင်ရောက်အသုံးပြုမည့် အသုံးပြုသူ (“သင်”၊ “သင့်”၊ “သင်၏”၊ “သင်တို့၏”) မှ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များဖြစ်ပါသည်။ NayLa Akharpay Baydin App ကို ရယူအသုံးပြုသူများအနေဖြင့် ဤ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်း လိုက်နာရမည်ဖြစ်ပါသည်။ KBZPay Blue App တွင် ရှိသော NayLa Akharpay Baydin App (Mini App) ကို ဝင်ရောက်အသုံးပြု၍ NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို ရယူ အသုံးပြုသူများသည် Mini App တွင်ရရှိနိုင်သော သို့မဟုတ် ဟိုက်ပါလင့်ခ်ဖြင့် ရရှိနိုင်သော မူဝါဒများနှင့် ထပ်မံ ဖြည့်စွက်ထားသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များအပါအဝင် စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည်၍ သဘောတူ လက်ခံခြင်းဖြစ်သည်။ ဤဝန်ဆောင်မှုကို မှတ်ပုံတင်၍ ရယူရာတွင် အသုံးပြုသူ၏ ပေါ့လျော့မှု တစ်စုံတစ်ရာကြောင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးအပါအဝင် အကျိုးစီးပွား ထိခိုက်မှုဖြစ်ပေါ်လာပါက NayLa Akharpay Baydin (Mini App) ၏ငွေပေးချေမှုဆိုင်ရာ အေဂျင်စီ ကမ္ဘောဇဘဏ်(KBZ Pay)၊ NayLa Akharpay Baydin နှင့် ၎င်းတို့၏ အဖွဲ့ဝင်တို့ထံတွင် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။ NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် စည်းမျဉ်းစည်းကမ်း အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၊၁
“အလုပ်လုပ်ရက်” ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေ၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ်ပိတ်ရက် မဟုတ်သည့် နေ့ရက်များကို ဆိုလိုခြင်းဖြစ်သည်။
၁၊၂
“KYC” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်/သို့ အခြား အခွင့်အာဏာပိုင်များမှ ထုတ်ပြန်ထားသော “သင်၏ ဖောက်သည်ကို သိပါ” ဟူသော မှတ်ပုံတင်ရာတွင် လိုအပ်သော အချက်အလက်များကို ဆိုလိုသည်။
၁၊၃
“Mini App” ဆိုသည်မှာ ကုန်သည်မှပိုင်ဆိုင်သော NayLa Akharpay Baydin Mini App ကိုဆိုလိုခြင်းဖြစ်ပြီး KBZPay တွင်အသုံးပြုနိုင်သော Mini App တစ်ခုဖြစ်ပြီး ဤ Mini App ၏လုပ်ဆောင်ချက်များနှင့် အသုံးပြုသူများ၏မှာယူမှုကို လွယ်ကူချောမွေ့စေရန်အတွက် App ၏ လုပ်ဆောင်ချက်များအား ကုန်သည်ကိုယ်စား ဆောင်ရွက်ပေးသည့် အေးဂျင့်အဖြစ် KBZPay မှလုပ်ဆောင်ပါသည်။
၁၊၄
“မြန်မာကျပ်” ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဝင်သုံးစွဲနေသည့် ငွေကြေးကို ဆိုလိုသည်။
၁၊၅
“ပြန်အမ်းငွေ” ဆိုသည်မှာ ကုန်သည်ထံမှဝယ်ယူသည့် ကုန်စည်/ဝန်ဆောင်မှုများသည် ကုန်သည်မှ ဖော်ပြထားသည့် အရည်အသွေး နှင့်ကိုက်ညီမှုမရှိခြင်း သို့မဟုတ် ယိုယွင်းပျက်စီးမှုရှိခြင်း၊ ချို့တဲ့မှု၊ ပြည့်စုံမှုမရှိခြင်း နှင့် သို့မဟုတ် မည်သည့်အကြောင်းကြောင့် ဖြစ်စေ ကျေနပ်မှုမရှိခြင်း သို့မဟုတ် ဝယ်ယူသည့် အသုံးပြုသူ၏ မှာယူမှုကို အသုံးပြုသူမှဖျက်သိမ်းခြင်းတို့ကြောင့် အသုံးပြုသူမှ ပေးချေရန်ငြင်းဆိုခြင်းပြုထားသည် မည်သည့်တစ်စိတ်တစ်ပိုင်း ပေးချေထားမှု အတွက်ဖြစ်စေ သို့မဟုတ် ပမာဏအပြည့်အဝ ပေးချေထားမှုအတွက်ဖြစ်စေပြန်အမ်းငွေတောင်းဆိုခြင်း သို့မဟုတ် ငွေပြန်အမ်းပေးရန် တောင်းဆိုခြင်းတို့ကို ဆိုလိုသည်။
၁၊၆
"ဝန်ဆောင်ခ" ဆိုသည်မှာ NayLa Akharpay Baydin (Mini App) မှ ထုတ်ပြန်ထားသော ဝန်ဆောင်မှုအသုံးပြုမှုအတွက် ကောက်ခံသည့် အခကြေးငွေ၊ ကောက်ခံမှုအားလုံးကို ဆိုလိုပါသည်။
၁၊၇
“ဝန်ဆောင်မှုများ” ဆိုသည်မှာ KBZPay ဖြင့် ငွေပေးချေခြင်းပြုနိုင်သည့် အသုံးပြုသူများမှ ရယူအသုံးပြုနိုင်သော Mini App အတွင်း ကုန်သည်မှ ကမ်းလှမ်းသည့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဆိုလိုခြင်းဖြစ်သည်။
၁၊၈
“အသုံးပြုသူ (သို့မဟုတ်) ဝန်ဆောင်မှုရယူသူ” ဆိုသည်မှာ Mini App အား အသုံးပြုသည့် အသုံးပြုသူများကို ဆိုလိုခြင်းဖြစ်သည်။
၂။ NayLa Akharpay Baydin App (Mini App) အား ရယူအသုံးပြုခြင်း
၂၊၁
အသုံးပြုသူများသည် Mini App ဝန်ဆောင်မှုအား ရယူအသုံးပြုရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲများ သင့်လျော်ပြီး ခေတ်မီကြောင်း သေချာစေရန်အတွက် တာဝန်ရှိပါသည်။
၂၊၂
အသုံးပြုသူမှ ဝန်ဆောင်မှုရယူခြင်းအား ပယ်ဖျက်ခြင်း၊ ပြောင်းလဲခြင်းလုပ်ငန်းစဉ်များ၊ အသုံးပြုသူမှ ရယူသောဝန်ဆောင်မှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက အသုံးပြုသူများသည် ဆက်သွယ်ရန် ဖော်ပြထားသည့် နည်းလမ်းများထဲမှ အပိုဒ် (၂၀) ရှိ NayLa Akharpay Baydin Call Center အကူအညီကို တိုက်ရိုက် ဆက်သွယ်နိုင်ပြီးအဆိုပါတိုင်ကြားမှုများအပေါ်တွင် NayLa Akharpay Baydin မှ ဆုံးဖြတ်ချက် ပြုလုပ်မည် ဖြစ်ပါသည်။
၂၊၃
အသက်(၁၈)နှစ်အောက် အသုံးပြုသူများအနေဖြင့် ဤဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုလိုပါက ဤစည်းမျဥ်းစည်းကမ်း သတ်မှတ် ချက်များကို လက်ခံပြီး ကျသင့်သည့် အခကြေးငွေများအားလုံးကို တာဝန်ယူရန် သဘောတူထားသည့် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)၏ သဘောတူညီချက်ကို ရယူ၍ (၁၈) နှစ်အောက် အသုံးပြုသူမှ ဤဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုနိုင် မည်ဖြစ်သည်။ ကမ္ဘောဇဘဏ် နှင့် ကုန်သည်သည် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)က ၎င်းတို့၏ အသက် (၁၈) နှစ်အောက် ကလေးများအား ဤဝန်ဆောင်မှုအား အသုံးပြုစေခြင်းသည် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)က ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား လိုက်နာရန်သဘောတူခြင်းဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး အသက် (၁၈) နှစ် အောက် ဝယ်ယူသူအနေဖြင့် ဤဝန်ဆောင်မှုအား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် တာဝန်ဝတ္တရား အရပ်ရပ်အတွက် ၎င်းတို့၏ မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)တွင် တာဝန်ရှိစေမည်ဖြစ်သည်။ အသက် (၁၈) နှစ်အောက် ဝယ်ယူသူအနေဖြင့် မိမိ၏ မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)၏ သဘောတူညီချက်မရပါက၊ ဝယ်ယူသူသည် Mini App အသုံးပြု၍ ဝန်ဆောင်မှုအား အသုံးပြုခြင်း၊ Mini App သို့ဝင်ရောက်ခြင်းကို ချက်ချင်းရပ်ရပါမည်။
၂၊၄
သင်သည် NayLa Akharpay Baydin App (Mini App) ၏ ဝန်ဆောင်မှုများကို တရားမဝင် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ရည်ရွယ်ချက် တစ်ခုခုအတွက် အသုံးမပြုနိုင်သကဲ့သို့ ဝန်ဆောင်မှုအသုံးပြုရာတွင် ဥပဒေများကို ချိုးဖောက်ခြင်းမပြုရ။ ခေါ်ဆိုမှုများ၊ အီးမေးလ်နှင့် စာတိုပေးပို့သူအားလုံးအပါအဝင် မည်သည့် ဆက်သွယ်ရေး နည်းလမ်းဖြင့်မဆို သင်နှင့် NayLa Akharpay Baydin App နှင့်/သို့မဟုတ် KBZPay တို့ကြားတွင်အခွင့်အရေးများကို ကာကွယ်ရန်အတွက်သော်လည်းကောင်း၊ အရည်အသွေး အာမခံချက်နှင့် ဥပဒေရေးရာ ရည်ရွယ်ချက်များအတွက် မှတ်တမ်းတင်ထားနိုင်သည်။
၂၊၅
အသုံးပြုသူအား ဝန်ဆောင်မှုပေးရန်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသုံးပြုသူ၏တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ပေးရန်၊ ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ဆက်သွယ်ရန် လိုအပ်သောကြောင့် အသုံးပြုသူမှ ဝန်ဆောင်မှုရယူစဉ်က ဖြည့်သွင်းခဲ့သော အသုံးပြုသူ၏ အချက်အလက်များကို NayLa Akharpay Baydin (Mini App) မှ ကြည့်ရှုခြင်း၊ ထိန်းသိမ်းမှုပြုလုပ်ခြင်း၊ မျှဝေခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို ပြုလုပ်ရန် အသုံးပြုသူအနေဖြင့် သဘောတူလက်ခံမည်ဖြစ်သည်။
၂၊၇
ကမ္ဘောဇသည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအရ ပေးအပ်နေသော ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊ Biometric အချက်အလက်များနှင့် ငွေစာရင်းဆိုင်ရာအချက်အလက်များအား အခြားပါတီဝင်များ (ပြင်ပမှဝန်ဆောင်မှုပေးသူများ သို့မဟုတ် အေးဂျင့်များ) ထံသို့ဖြစ်စေ သို့မဟုတ် ဤဝန်ဆောင်မှုအား အသုံးပြုရန်အတွက် အသုံးပြုသူမှ Application ထဲတွင်ဖော်ပြထားသော အသုံးပြုသူ၏ အချက်အလက်များအား ကမ္ဘောဇ၏လုပ်ငန်းခွဲများ၊ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ခရက်ဒစ်ဗျူရို၊ ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ အဖွဲ့အစည်းများထံသို့ လိုအပ်ပါက မျှဝေခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းတို့ပြုနိုင်ကြောင်းကို အသုံးပြုသူက သဘောတူပြီး ထိုသို့ဆောင်ရွက်ပိုင်ခွင့်ကို ကမ္ဘောဇဘဏ်သို့ အပ်နှင်းထားပါသည်။
၂၊၇
အသုံးပြုသူများမှ KBZPay ဖြင့် ငွေပေးချေခြင်းဖြင့် KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကိုလည်း လိုက်နာရမည်ဖြစ်သည်။
၃။ ကြိုတင်စာရင်းသွင်းဝယ်ယူမှု မူဝါဒ
၃၊၁
သင်သည် KBZPay App မှတစ်ဆင့် Mini Appတွင် မှတ်ပုံတင်ပြီး NayLa Akharpay Baydin မှ အွန်လိုင်းဗေဒင်ကဏ္ဍ တွင် ဗေဒင်မေးမြန်းနိုင်ပါသည်။ အွန်လိုင်းဗေဒင် ဝန်ဆောင်မှု အတွက် အမှန်တကယ်ကျသင့်သည့် နှုန်းထားပေးဆောင်ရန် သင်တွင်ရှိသော ငွေလက်ကျန်သည် လုံလောက်မှုမရှိပါက ထိုဝန်ဆောင်မှုအတွက် ငွေပေးချေမှု ပြုလုပ်နိုင်မည်မဟုတ် / NayLa Akharpay Baydin Mini App မှတစ်ဆင့် အွန်လိုင်းဗေဒင်မေးမြန်းနိုင်မည်မဟုတ်ပါ။ NayLa Akharpay Baydin Mini App မှတစ်ဆင့် အွန်လိုင်းဗေဒင်ကဏ္ဍ အတွက် ငွေပေးချေမှုမပြုမီ ဤစည်းကမ်း သတ်မှတ်ချက်များအား သေချာစွာဖတ်ရှုရမည် ဖြစ်ပြီး မေးမြန်းလိုသည်များရှိပါက NayLa Akharpay Baydin Call Center သို့ ဆက်သွယ်မေးမြန်းရမည်ဖြစ်သည်။ အကယ်၍ သင်သည် Akharpay Baydin မှတစ်ဆင့် အွန်လိုင်းဗေဒင်မှ ဗေဒင်မေးမြန်းမှုအတွက် ငွေပေးချေမှုကို အောင်မြင်စွာဆောင်ရွက်ပြီးသော်လည်း သင်၏မေးမြန်းမှုနှင့်ပတ်သက်၍ (၇၂) နာရီ အတွင်း အဖြေများကို မရရှိခဲ့ပါက သို့မဟုတ် အမှားအယွင်းတစ်ခု ရှိပါက၊ NayLa Akharpay Baydin Call Center သို့ဆက်သွယ်၍ ပြန်လည် အတည်ပြုရန် သင့်တွင် တာဝန်ရှိပါသည်။
၃၊၂
Mini App တွင် ဖော်ပြပါရှိသော ဝန်ဆောင်မှုများနှင့် နှုန်းထားများအတိုင်း သင်အနေဖြင့် ကြိုတင်စာရင်းပေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် သင်မှ အောင်မြင်စွာ ငွေပေးချေခြင်းမပြုသေးသော သင်၏ ကြိုတင်စာရင်းပေးမှုသည် အချိန်မရွေး ပယ်ဖျက်နိုင် မည်ဖြစ်ပြီး စျေးနှုန်းများသည်လည်း ပြောင်းလဲနိုင်သည်ကို သင့်အနေဖြင့်သိရှိနားလည်ပါသည်။ KBZPay မှသော်လည်းကောင်း၊ NayLa Akharpay Baydin မှသော်လည်းကောင်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ သင်၏ကြိုတင်စာရင်းပေးမှုကို ငြင်းပယ် ပိုင်ခွင့်ရှိမည် ဖြစ်သည်။
၃၊၃
NayLa Akharpay Baydin သည် ဝန်ဆောင်မှုများ ၏ တိကျသောဖော်ပြချက်များအား ပေးဆောင်ရန် ရည်ရွယ်သော်လည်း Mini App အတွင်း ဖော်ပြပါရှိချက်များသည် အမှားအယွင်းမရှိ၊ ပြီးပြည့်စုံခြင်းရှိသည်ဟူ၍ NayLa Akharpay Baydin နှင့် KBZPay မှ အာမခံခြင်းမရှိပါ။
၃၊၄
သင်မေးမြန်းထားသော ဗေဒင်၏ အဖြေကို ငွေပေးချေပြီးချိန်မှစ၍ ( ၇၂) နာရီအတွင်း ပြန်ပို့ပေးမည်ဖြစ်သည်။ ဗေဒင်အဖြေများကို KBZPay ထဲရှိ NayLa Akharpay Baydin (Mini App) ထဲသို့ ပြန်ပို့ပေးပြီး “မေးထားသော အဖြေများကြည့်ရန်” ဆိုသည့်အထဲသို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ကြိုတင်စာရင်းပေးထားသော ဝန်ဆောင်မှုများအတွက် ပြန်လည်ပယ်ဖျက် ခွင့်မပြုပါ။ ထို့ကြောင့် ဝန်ဆောင်မှု များအား သေချာသည်ဆိုမှသာလျှင် ကြိုတင်စာရင်းပေးခြင်းအား ပြုလုပ်ရမည်ဖြစ်သည်ကို သိရှိနားလည်ပါသည်။
၃၊၅
အသုံးပြုသူသည် NayLa Akharpay Baydin (Mini App) သို့ ဖြည့်စွက်ထားသော အချက်အလက်ကို ပြန်လည်စစ်ဆေးရမည့် တာဝန်ရှိကြောင်း သိရှိနားလည်ပါသည်။ အသုံးပြုသူသည် ကြိုတင်စာရင်းပေးခြင်းနှင့်ပတ်သက်၍ မှားယွင်းသော အချက်အလက်များဖြည့်သွင်းခြင်း/ ပေးဆောင်မှုတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များသည် အသုံးပြုသူနှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး KBZPay နှင့် NayLa Akharpay Baydin တွင် တာဝန်မရှိကြောင်း အသုံးပြုသူဘက်မှ သိရှိနားလည်ပါသည်။
၃၊၆
ကြိုတင်စာရင်းပေးခြင်းများအတွက် အပြည့်အဝငွေပေးချေရန်လိုအပ်ပြီး မိမိမေးမြန်းထားသော မေးခွန်းအတွက်သာ သတ်မှတ်ထား သော နေ့ရက်တွင် အဖြေရရှိမည် ဖြစ်သည်။ အဖြေနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက NayLa Akharpay Baydin Call Center မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၃၊၇
ဝန်ဆောင်မှုရယူသူမှ အမည်၊ မွေးနေ့၊ ကျား/မ မှားထည့်၍ ဖြစ်ပေါ်လာသောအကျိုးဆက်အတွက် KBZPay နှင့် NayLa Akharpay Baydin Mini App မှတာဝန်မယူပါ။ မှန်ကန်သောအချက်အလက်ဖြင့် ဝန်ဆောင်မှုရယူလိုပါက ထပ်မံကြိုတင်စာရင်းသွင်း ဝယ်ယူရမည် ဖြစ်သည်။
၃၊၈
အသုံးပြုသူဘက်မှ ပယ်ဖျက်လိုက်သော ကြိုတင်စာရင်းပေးမှုများနှင့် ပတ်သက်၍ ပြန်အမ်းငွေမရရှိကြောင်းကို အသုံးပြုသူဘက်မှ သိရှိနားလည်ပါသည်။
၃၊၉
NayLa Akharpay Baydin Mini App မှ ကြိုတင်စာရင်းပေးပြီးနောက် ဖြစ်ပေါ်လာသည့် ကိစ္စရပ်တိုင်းသည် NayLa Akharpay Baydin ကိုသာ တိုက်ရိုက် ဆက်သွယ်ရမည်ဖြစ်ကြောင်း အသုံးပြုသူမှ သိရှိနားလည်ပါသည်။
၄။ အသုံးပြုသူဘက်မှ လိုက်နာရမည့်တာဝန်ဝတ္တရားများ
၄၊၁
NayLa Akharpay Baydin နှင့် KBZPay တို့သည် Mini App ထဲရှိ ဝန်ဆောင်မှုများ၊ စျေးနှုန်းများ၊ စည်းမျဥ်းစည်းကမ်းများ၏ အစိတ်အပိုင်းများကို အချိန်မရွေး ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းတို့ ပြုလုပ်ပိုင်ခွင့်ရှိသည်။ အသုံးပြုသူများသည် update များကို အခါအားလျော်စွာ စစ်ဆေးရန် တာဝန်ရှိပါသည်။
၄၊၂
ဝန်ဆောင်မှုရယူသူမှ တူညီသောအကြောင်းအရာအား နှစ်ခါမေးမြန်းမိပါက ပြန်အမ်းငွေ ရရှိမည်မဟုတ်ပါ။ သို့သော်လည်း အသုံးပြုသူသည် နောက်ဝန်ဆောင်မှု တစ်ခုကို ယူခြင်းဖြင့် ၎င်းမေးခွန်းကို မေးမြန်းနိုင်ပါသည်။
၄၊၃
ဤဝန်ဆောင်မှုအား ဥပဒေနှင့်မညီသည့် မည်သည့် ရည်ရွယ်ချက် အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံရမည်ဖြစ်သည်။
၄၊၄
သင်ကြိုတင်စာရင်းပေးမှုများနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာတွေ့ရှိပါက သို့မဟုတ် စည်းကမ်းချက် တစ်စုံ တစ်ရာဖောက်ဖျက်သည်ဟု ထင်မြင်ယူဆပါက KBZPay မှသော်လည်းကောင်း၊ NayLa Akharpay Baydin မှသော်လည်းကောင်း ကြိုတင်စာရင်းပေးမှုများအား သင့်အားအကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး ဖျက်သိမ်းခွင့်ရှိမည်ဖြစ်ပြီး ထိုဖျက်သိမ်းထားသော သင့်လက်ဝယ်ရှိ ကြိုတင်စာရင်းပေးမှုသည်လည်း အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ ထိုသို့ပယ်ဖျက်ခြင်းအတွက် သင့်အနေဖြင့် မည်သည့်လျော်ကြေး တစ်စုံတစ်ရာမျှ ရပိုင်ခွင့်မရှိသည်ကိုလည်း သိရှိလက်ခံ သဘောတူပါသည်။
၄၊၅
အသုံးပြုသူသည် မိမိ၏ သတင်းအချက်အလက်များအား အခြားသူတစ်ဦးမှ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် များသည် အသုံးပြုသူနှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး KBZPay နှင့် NayLa Akharpay Baydin ထံတွင် တာဝန်မရှိကြောင်းကို အသုံးပြုသူဘက်မှ သိရှိနားလည်ပါသည်။
၄၊၆
ဟောပြောချက်များ၏ တိကျမှန်ကန်မှုများသည် အသုံးပြုသူမှပေးသော အမည်၊ မွေးနေ့၊ ကျား/မ အသေးစိတ် အချက်အလက်များ၏ တိကျမှု ပေါ်တွင်မူတည်ကြောင်း အသုံးပြုသူမှ သိရှိနားလည်ပါသည်။
၄၊၇
NayLa Akharpay Baydin မှ ပေးပို့သော အဖြေများသည် အသုံးပြုသူမှပေးသော အမည်၊ မွေးနေ့၊ ကျား/မ အသေးစိတ် အချက်အလက်များပေါ် အခြေခံ၍ ပေးပို့သော အဖြေများဖြစ်ပြီး ထိုအဖြေများသည် ချွင်းချက်မရှိ မှန်ကန်သည်ဟု အာမခံခြင်း မရှိကြောင်းနှင့် ထိုပေးပို့သော အကြောင်းအရာများသည် ”အရှိအတိုင်း” နှင့် ရရှိနိုင်သည့်အတိုင်းသာ ပေးထားခြင်းဖြစ်ကြောင်းကို အသုံးပြုသူမှ သိရှိသဘောတူပြီး ထိုပေးပို့ထားသော အဖြေများပေါ်တွင် မှီတည်၍ မည်သည့်အကြောင်းအရာကို မဆို အသုံးပြုသူမှပြုလုပ်ခြင်း သို့မဟုတ် ရယူအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသည့် မည်သည့် အကျိုးဆက်အတွက်မဆို အသုံးပြုသူတစ်ဦးတည်းတွင်သာ တာဝန်ရှိမည် ဖြစ်သည်။
၄၊၈
Mini App ဝန်ဆောင်မှုအား ရယူအသုံးပြုခြင်းဖြစ်စေ၊ NayLa Akharpay Baydin မှ ပေးပို့သော အဖြေများအား အသုံးပြုခြင်းနှင့်ပတ်သတ်၍ ဖြစ်ပေါ်လာနိုင်သည့် အသုံးပြုသူ၏ သို့မဟုတ် အခြားမည်သည့် ပါတီ၏ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် တာဝန်ရှိမှုအားလုံး (စာချုပ်တွင် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ ပေါ့ဆမှုဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ) ကို ဖယ်ထုတ်ထားမည်ဖြစ်ပြီး KBZPay နှင့် NayLa Akharpay Baydin တို့တွင် တာဝန်ရှိစေမည်မဟုတ်ပါ။
၄၊၉
အသုံးပြုသူသည် NayLa Akharpay Baydin နှင့် KBZPay ၏ မူပိုင်ခွင့်၊ အမှတ်တံဆိပ်၊ ကုန်သွယ်မှုလျှို့ဝှက်ချက်၊ မူပိုင်ခွင့် သို့မဟုတ် အခြားသော မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သည့် မည်သည့်အကြောင်းအရာကိုမဆို Social Media များပေါ်သို့ upload လုပ်ခြင်း သို့မဟုတ် post တင်ခြင်း သို့မဟုတ် အခြားသော မည်သည့်နည်းလမ်းများဖြင့် မဆို မပြုလုပ်ရကြောင်း သိရှိနားလည်ပါသည်။
၅။ ၀န်ဆောင်မှုရပ်ဆိုင်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်း
အသုံးပြုသူအနေဖြင့် NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက ဝန်ဆောင်မှု ရပ်ဆိုင်းခြင်းဆိုင်ရာ နည်းလမ်းများအတိုင်း ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်သည်။ မည်သည့်အကြောင်း ကြောင်းကြောင့်မဆို အသုံးပြုသူအား ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ မည်သည့်အချိန်တွင်မဆို အသုံးပြုသူ၏ ဤဝန်ဆောင်မှု အသုံးပြုနေခြင်းကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်းတို့ကို KBZPay မှဖြစ်စေ သို့မဟုတ် NayLa Akharpay Baydin (Mini App) မှဖြစ်စေ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ KBZPay နှင့် NayLa Akharpay Baydin (Mini App) တို့တွင် တာဝန်ရှိမည် မဟုတ်ကြောင်းကို အသုံးပြုသူအနေဖြင့် သိရှိသဘောတူ လက်ခံပါသည်။
၆။ အသိပေးချက်များပေးပို့ခြင်း
NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အသုံးပြုသူ၏ NayLa Akharpay Baydin (Mini App) အကောင့်ထံသို့ အကြောင်းကြား ချက်များပေးပို့ခြင်း၊ NayLa Akharpay Baydin (Mini App) အကောင့်ဖွင့်စဉ်က စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် သို့မဟုတ် Email သို့ NayLa Akharpay Baydin (Mini App) မှ ဆက်သွယ်ခြင်းတို့ကို သဘောတူလက်ခံပါသည်။ NayLa Akharpay Baydin (Mini App) အနေဖြင့် အစီအစဉ်အသစ်များ၊ ပရိုမိုးရှင်းအစီအစဉ်များ၊ အသုံးပြုသူများထံမှစစ်တမ်းကောက်ယူခြင်းများ စသည်တို့ကို App ထဲမှ အသိပေးချက်များမှတစ်ဆင့်ဖြစ်စေ၊ SMS ကတဆင့်ဖြစ်စေ၊ အခြားသော ဆက်သွယ်ရေး နည်းလမ်းများမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ပေးပို့သွားမည် ဖြစ်ပါသည်။ ထို့အပြင် NayLa Akharpay Baydin App ထဲမှာ ဝန်ဆောင်မှုအသုံးပြုခြင်းအတွက် အသုံးပြုသူ၏ ငွေပေးချေမှုကိစ္စများ၊ သဘောတူညီမှုများ၊ ထုတ်ဖော်ချက်များနှင့် အခြားအချက် အလက်များပေးပို့ခြင်းကိုလည်း အသုံးပြုသူမှ လက်ခံပါမည်။ ဤဝန်ဆောင်မှုကို ရယူထားသော အသုံးပြုသူထံသို့ NayLa Akharpay Baydin (Mini App) မှတစ်ဆင့် အချက်အလက်များ၊ အကြောင်းအရာများ၊ စာသားများ၊ ဆော့ဖ်ဝဲများ၊ အသံများ၊ ဓာတ်ပုံများ၊ ဒီဇိုင်းပုံရိပ်များ၊ ဗီဒီယိုများ၊ မက်ဆေ့ချ်များ၊ တွဲဖက်အကြောင်းအရာများနှင့် အခြားသော အကြောင်းအရာများကို NayLa Akharpay Baydin (Mini App) မှ ပေးပို့ခွင့်ရှိသည်။ မှတ်ပုံတင်စဉ်က အသုံးပြုသူမှ ပေးသွင်းသော အချက်အလက်များနှင့် ထိုသို့ပေးသွင်းခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် အသုံးပြုသူထံတွင်သာ အလုံးစုံ တာဝန်ရှိသည်။
၇။ ကန့်သတ်တားမြစ်ချက်များ
7.1
NayLa Akharpay Baydin ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် စီးပွားဖြစ်အသုံးပြုခွင့်မရှိပါ။ ဤဝန်ဆောင်မှုသည် အသုံးပြုသူ၏ တစ်ကိုယ်ရည်နှင့် အကျိုးအမြတ်အတွက် မဟုတ်သော အသုံးပြုမှုအတွက်သာ ဖြစ်သည်။ အသုံးပြုသူသည် မှတ်တမ်းတင်ခြင်း၊ ဖန်သားပြင် ဓာတ်ပုံများပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ မူပိုင်ခွင့်အသုံးပြုခြင်း၊ အခြားသူများထံ ပေးပို့ခြင်း၊ ပြန်လည်ရောင်းချခြင်း၊ အတုပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ပြသခြင်း၊ တင်ပြခြင်း၊ ဖန်တီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ စက်ပစ္စည်းများတွင် သိမ်းဆည်းထားခြင်း သို့မဟုတ် အခြားသူများအား ခွင့်မပြုသောနည်းလမ်းများဖြင့် ဖြန့်ဝေခြင်းမပြုရ။ ထိုသို့တွေ့ရှိပါက ပြစ်မှုကျူးလွန်သူကို အရေးယူမည်ဖြစ်ပြီး အသုံးပြုသူသည် NayLa Akharpay Baydin (Mini App) ဆုံးရှုံးခြင်းအတွက် တာဝန်ရှိပါသည်။ အသုံးပြုသူအနေဖြင့် ဝန်ဆောင်မှုအား ရယူရာတွင်
၇၊၁၊၁
NayLa Akharpay Baydin (Mini App) မှ စီစဉ်ပေးထားသော ကြားခံစနစ် မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုခြင်း၊
၇၊၁၊၂
ဝန်ဆောင်မှုများရယူရာတွင် Robot၊ Spider၊ Scraper၊ Script၊ Web Crawler များအသုံးပြု၍ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားအလိုအလျောက် နည်းလမ်းများကို အသုံးပြုခြင်း၊
၇၊၁၊၃
ဝန်ဆောင်မှုကို ရယူခြင်း၏ ဇာတ်မြစ်ကို ဖုံးကွယ်ရန်အတွက် Identifier ကုဒ်နံပါတ်များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို လိုသလိုပြုပြင်ခြင်း၊
၇၊၁၊၄
NayLa Akharpay Baydin (Mini App) ဆာဗာ အား ပျက်ဆီးစေမည့်လုပ်ရပ်များ၊ ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်း၊
၇၊၁၊၅
နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့်စာများ၊ အီးမေးလ်များရေးသားခြင်း၊ ဗိုင်းရပ်စ်ပါသောဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းများကို လုံး၀ မပြုလုပ်ပါဟု သဘောတူပါသည်။
၇၊၂
အသုံးပြုသူသည် NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုမှ သတ်မှတ်ပေးထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များဘောင်အတွင်းကသာ အသုံးပြုရမည် ဖြစ်သည်။ အသုံးပြုသူအနေဖြင့် NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုက သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍သော်လည်းကောင်း၊သတ်မှတ်ချက်များကို မလိုက်နာဘဲ ကျော်လွန်၍သော်လည်းကောင်း NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှု၏ Social Media စာမျက်နှာများဖြစ်သည့် Facebook ၊ Instagram ၊ YouTube နှင့် Web Page များကို NayLa Akharpay Baydin Mini App) ဝန်ဆောင်မှုမှ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။
၇၊၃
ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့် ရည်ရွယ်ချက် အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံသည်ဖြစ်သည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူသည်ဖြစ်သည်။
၈။ လျော်ကြေး
အသုံးပြုသူမှ Mini Appအား အသုံးပြုခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော NayLa Akharpay Baydin သို့မဟုတ် ကမ္ဘောဇဘဏ် သို့မဟုတ် KBZPay၊ ၎င်း၏ဒါရိုက်တာများ၊ အရာရှိများ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ အေးဂျင့်များနှင့် တတိယအဖွဲ့အစည်း၏ ထိခိုက်နစ်နစ်မှုတောင်းဆိုချက်အားလုံး၊ တာဝန်ယူမှု၊ (ပါဝင်သော်လည်း အကန့်အသတ်မရှိ၊ တရားဝင်အခကြေးငွေများ)ကုန်ကျစရိတ်၊ ပျက်စီးမှုများအားလုံးအတွက် လျော်ကြေးပေးရန် အသုံးပြုသူမှသဘောတူသည်။
၉။ ကိုယ်စားပြုချက်များ၊ အာမခံချက်များ
Mini App ပေါ်ရှိ အကြောင်းအရာများ ”အရှိအတိုင်း” နှင့် “ရရှိနိုင်သည့်အတိုင်း” သာပေးထားခြင်းဖြစ်ကြောင်းကို အသုံးပြုသူမှ သိရှိသဘောတူပြီး Mini App ပေါ်တွင် ဖော်ပြထားသော ဖော်ပြချက်များပေါ်တွင် မှီတည်၍ မည်သည့်အကြောင်းအရာကိုမဆို၊ ကုန်ပစ္စည်းများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အသုံးပြုသူမှလက်ခံခြင်း သို့မဟုတ် ရယူအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသည့် မည်သည့် အကျိုးဆက်အတွက်မဆို သည် အသုံးပြုသူတစ်ဦးတည်းတွင်သာ တာဝန်ရှိမည်ဖြစ်သည်။ Mini App ဖြစ်စေ၊ ဝန်ဆောင်မှုများအားဖြစ်စေ၊ Mini App ရှိ မည်သည့် Website လင့်ခ်ကိုဖြစ်စေ နှင့် Mini App ပေါ်တွင် တင်ထားသော မည်သည့်အကြောင်းအရာကိုဖြစ်စေ အသုံးပြုခြင်းနှင့်ပတ်သတ်၍ ဖြစ်ပေါ်လာနိုင်သည့် အသုံးပြုသူ၏ သို့မဟုတ် အခြားမည်သည့် ပါတီ၏ ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် တာဝန်ရှိမှုအားလုံး (စာချုပ်တွင် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ ပေါ့ဆမှုဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ) ကို ဖယ်ထုတ်ထားမည်ဖြစ်သည်။ KBZPay နှင့် NayLa Akharpay Baydin (Mini App) သည် Mini App တွင် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကို အချိန်တိုင်းရရှိနိုင်စေရန် ကျိုးကြောင်းဆီလျော်စွာ ကြိုးပမ်း ဆောင်ရွက်နေသော်လည်း Mini App အား လုံခြုံမှုရှိသည်ဟူ၍ဖြစ်စေ၊ အချိန်မီ၊ အနှောက်အယှက်မရှိဟူ၍ဖြစ်စေ၊ အမှားအယွင်းမရှိပါဟူ၍ဖြစ်စေ၊ နည်းပညာအခက်အခဲမရှိဟူ၍ဖြစ်စေ၊ ချွတ်ယွင်းချက်မရှိဟူ၍ဖြစ်စေ (သို့မဟုတ်) ဗိုင်းရပ်စ်များ မရှိပါဟု KBZPay က သော်လည်းကောင်း၊ NayLa Akharpay Baydin (Mini App) ကသော်လည်းကောင်း အာမခံခြင်း (သို့မဟုတ်) ကိုယ်စားပြုခြင်းများကို မပြုလုပ်ပါ။ စီစဉ်ထားသော သို့မဟုတ် ပုံမှန်စနစ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အင်တာနက် (သို့မဟုတ်) အီလက်ထရွန်နစ် ဆက်သွယ်ရေး ကြောင့်ဖြစ်စေ (သို့မဟုတ်) အင်အားကြီးသည့်ဖြစ်ရပ်များကြောင့် ပလပ်ဖောင်း၏ ယာယီ ပြတ်တောက်မှုများဖြစ်ပေါ်နိုင်ပြီး ထို့အတွက် KBZPay နှင့် NayLa Akharpay Baydin တာဝန်မရှိသည်ကို အသုံးပြုသူမှ သိရှိ သဘောတူပါသည်။
Damon Blackwood, [7/24/25 3:04 PM]
၁၀။ အသိဉာဏ်ပစ္စည်းများဆိုင်ရာ မူပိုင်ခွင့်
စာရွက်စာတမ်း၊ ကမ္ဘောဇဘဏ်၏ဝဘ်ဆိုက်နှင့် KBZPay Application ဝန်ဆောင်မှု အမည်နှင့် ကုန်အမှတ်တံဆိပ်များအပါအဝင် အားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်း ပုံစံအဖြစ် ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင် ဖြစ်သည်။ NayLa Akharpay Baydin ဝန်ဆောင်မှုတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်များ (NayLa Akharpay Baydin Mini App ဝန်ဆောင်မှု အမည်နှင့် ကုန်အမှတ်တံဆိပ်များအပါအဝင်)၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများ အားလုံးသည် NayLa Akharpay Baydin ဝန်ဆောင်မှုနှင့် ယင်း၏လုပ်ငန်းဖော်ကုမ္ပဏီများ၊ အခြားသက်ဆိုင်ရာ လုပ်ငန်းများမှ ပိုင်ဆိုင်ပါသည်။အသုံးပြုသူသည် ကမ္ဘောဇ နှင့် NayLa Akharpay Baydin ၏ ဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကမ္ဘောဇ နှင့် NayLa Akharpay Baydin မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ ထိုနာမည်များကို အသုံးပြုပြီး NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို ရည်ညွှန်းခြင်း၊ အခြားတစ်ခုခုကို ရည်ညွန်းခြင်းများ ဆောင်ရွက်ခွင့်မရှိပါ။ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။
၁၁။ တာဝန်မရှိကြောင်းရှင်းလင်းဖော်ပြချက်
မည်သည့်အခြေအနေတွင်ဖြစ်စေ အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို အသုံးပြုသူမှ ဖောက်ဖျက်ခြင်း၊ ချိုးဖောက်ခြင်း ကြောင့် (သို့မဟုတ်) စာချုပ်အရဖြစ်စေ၊ တရားမနစ်နာမှုအရဖြစ်စေ၊ ယတိပြတ်တာဝန်ရှိမှုကြောင့် ဖြစ်စေ (သို့မဟုတ်) ဤ ဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်၊ နစ်နာကြေး၊ တောင်းဆိုချက်၊ အရေးယူဆောင်ရွက်မှု၊ တရားစွဲ ဆိုခြင်း၊ ဥပဒေအဆုံးအဖြတ်၊ ဆုံးရှုံးမှုနှင့်တာဝန်ရှိမှုများ (သို့မဟုတ်) ဝန်ဆောင်မှုမှတစ်ဆင့် ရရှိသော အချက်အလက်များ၊ အကြောင်းအရာများ၊ ဆော့ဖ်ဝဲလ်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကြောင့် အသုံးပြုသူနှင့်အခြား အဖွဲ့အစည်းများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ကြီးမားပြင်းထန်သော၊ အသေးအဖွဲဖြစ်သော၊ (သို့မဟုတ်) အကျိုးဆက်အရ ဖြစ်ပေါ်လာသော အကြောင်းကိစ္စများ၊ ထိခိုက်နစ်နာမှုများ၊ နစ်နာကြေးတောင်းခံမှုများ၊ အရေးယူမှုများ၊ တောင်းဆိုချက်များ၊ တရား ရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့်စွဲဆိုချက်များ၊ စီရင်ချက်များ၊ ကုန်ကျစရိတ်များ အမျိုးမျိုးသည် ကမ္ဘောဇ(၎င်း၏ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အေးဂျင့်များ၊ ကိုယ်စားလှယ်များ၊ လုပ်ငန်းခွဲများအပါအဝင်)၊ NayLa Akharpay Baydin (Mini App) နှင့် မိတ်ဖက်၊ ၎င်းတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ တွဲဖက်လုပ်ကိုင်သူများ၊ မူပိုင်ခွင့်ပေးအပ်သူများတွင် ဥပဒေအရ တာဝန်မရှိစေရပါ။ အသုံးပြုသူအနေဖြင့်သာ ကိစ္စအ၀၀တို့အတွက် တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရှိသဘောတူပါသည်။ အသုံးပြုသူမှ Mini Appအား အသုံးပြုမှုနှင့်စပ်လျဉ်း၍ သီးသန့်ကုစားခွင့်မှာ အသုံးပြုသူမှ Mini App အသုံးပြုခြင်းကို ရပ်ဆိုင်းရန်ဖြစ်သည်။ ကမ္ဘောဇ၏ အဖွဲ့အစည်းများ၊ ၎င်း၏ အေးဂျင့်များ၊ ကိုယ်စားလှယ်များနှင့် ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူမှ Mini App ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် သွယ်ဝိုက်၍ဖြစ်စေ၊ အထူး၊ မတော်တဆ၊ နောက်ဆက်တွဲအနေဖြင့် ဖြစ်စေ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက်ဖြစ်စေ သို့မဟုတ် Mini App ကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မည်သည့်တောင်းဆိုမှုတို့အတွက်ကိုမျှ တာ၀န်မရှိစေရပါ။
၁၂။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ
ဤဝန်ဆောင်မှုကို ကမ္ဘောဇနှင့် NayLa Akharpay Baydin (Mini App) က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောမလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇ သို့မဟုတ် NayLa Akharpay Baydin (Mini App) မှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်း
Damon Blackwood, [7/24/25 3:04 PM]
များအတွက်မဆို ကမ္ဘောဇဘဏ်တွင်သော်လည်းကောင်း၊ NayLa Akharpay Baydin (Mini App) တွင်လည်းကောင်း တာဝန်မရှိကြောင်းကို အသုံးပြုသူသည် နားလည်သဘောတူပါသည်။ ကမ္ဘောဇနှင့်/သို့မဟုတ် NayLa Akharpay Baydin (Mini App) သည် ယင်းသို့သော အခြေအနေ များကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့် အချိန်အထိ ပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇနှင့်/သို့မဟုတ် NayLa Akharpay Baydin (Mini App) အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၄။ အသိပေးချက်
အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် တရားဝင်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် NayLa Akharpay Baydin (Mini App) ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ အသုံးပြုသူများစည်းမျဉ်းစည်းကမ်းများကို သိရှိသဘောတူ လက်ခံပြီးဖြစ်သည် ဟုမှတ်ယူသည့် အတွက် ထိုစည်းမျည်းစည်းကမ်းများကို မဖတ်ရှုဘဲ ဤဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းသည် အသုံးပြုသူ တစ်ဦးတည်း၏ တာဝန်သာ ဖြစ်သည်။
၁၄။ ပြင်ဆင်ပြောင်းလဲခြင်း
ကမ္ဘောဇနှင့် NayLa Akharpay Baydin (Mini App) သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်/ သို့မဟုတ် ပယ်ဖျက်ခွင့် နှင့် Mini App ၏ သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ် ဆောင်ရွက်နိုင်ပါသည်။ ပြင်ဆင်ထားသော စည်းမျဥ်းစည်းကမ်းများအား တင်ပြီးသည်နှင့် ချက်ချင်း သက်ရောက်မည်ဖြစ်ပြီး ပြင်ဆင်ပြီးနောက် အသုံးပြုသူက Mini Appကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြင်ဆင်ထားသောစည်းမျဥ်းအသစ်များကို သဘောတူခြင်းဖြစ်ပါသည်။ ပြင်ဆင်ထားသော စည်းမျဉ်းစည်းကမ်း တစ်ခုလုံးကို ဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အသုံးပြုသူက သဘောမတူပါက အသုံးပြုသူမှ Mini App အား အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရပါမည်။
၁၅။ ဆက်လက်အသက်ဝင်ခြင်း
ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။
၁၆။ လွှဲပြောင်းခြင်း
ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ အသုံးပြုသူသည် မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား ကမ္ဘောဇဘဏ်၏ စာဖြင့် ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရပါ။
၁၇။ ဥပဒေသက်ရောက်မှုနှင့် တရားစီရင်ပိုင်ခွင့်
အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၏တည်ဆဲ ဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖော်ဆောင်ရမည် ဖြစ်သည်။ ဤဝန်ဆောင်မှုကို အသုံးပြုမှုကြောင့် ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ၊ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံတော် တရားရုံးများတွင် တည်ဆဲဥပဒေများအရ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသုံးပြုသူအနေဖြင့် သဘောတူလက်ခံပါသည်။
၁၈။ စွန့်လွှတ်ခြင်း
ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက်(များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။
၁၉။ ဘာသာစကား
ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။
Damon Blackwood, [7/24/25 3:04 PM]
၂၀။ ဆက်သွယ်ရန်
အကယ်၍ အသုံးပြုသူသည် မေးခွန်းများ သို့မဟုတ် မှတ်ချက်များရှိ၍ NayLa Akharpay Baydin (Mini App) ထံ ဆက်သွယ်လိုပါက၊ ကျေးဇူးပြု၍ NayLa Akharpay Baydin (Mini App) ၏ customer support team သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်ဖြစ်စေ သို့မဟုတ် NayLa Akharpay Baydin (Mini App) အတွင်းရှိ အသုံးပြုသူများမေးမြန်းနိုင်သည့် feature မှတစ်ဆင့်ပေးပို့နိုင်ပါသည်။
NayLa Akharpay Baydin Hotline: 09899840007 (နေ့စဉ် မနက် ၉ နာရီမှ ည ၅ နာရီအတွင်း